စည်းကမ်းချက်များ
ဤစည်းကမ်းချက်များနှင့် အခြေအနေများသည် (“စည်းကမ်းချက်များ”) CTZPay Mobile Wallet Application နှင့်/ သို့မဟုတ် Wallet Services အား သုံးစွဲသူများအတွက် လွှမ်းမိုးမည်ဖြစ်သည်။
အဓိပွါယ်ဖွင့်ဆိုချက်များ
Agent/Merchant ဆိုသည်မှာ CCN၏ ကိုယ်စား အသုံးပြုသူသို့ wallet service များအားတိုက်ရိုက် ထောက်ပံ့ရန်အလို့ဌာ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ CCNနှင့်အတူ အေဂျင့်စီသဘောတူညီမှု တစ်ခုအနေဖြင့် ၀င်ရောက်လာခြင်းကို ဆိုလိုသည်။
CCN ဆိုသည်မှာ Capital Connect Limited ကိုဆိုလိုသည်။
CTZPay ဆိုသည်မှာ မြန်မာနိုင်ငံသားများဘဏ်မှ ကမ်းလှမ်းထားသည့် မိုဘိုင်းဖုန်းငွေကြေး၀န်ဆောင်မှုတစ်ခုကို ဆိုလိုသည်။
CTZPay Applications ဆိုသည်မှာ CTZPay ဟု ရည်ညွှန်းထားသော မိုဘိုင်း အပီလီကေးရှင်းတစ်ခုအား စမတ်ဖုန်းများတွင် သို့မဟုတ် တခြားသော မိုဘိုင်း ဖုန်းစက်များတွင် အသုံးပြုရန်အတွက် အသုံးပြုသူမှ အပီလီကေးရှင်း ပလက် ဖောင်းမှ ဒေါင်းလုတ်ဆွဲချနိုင်သည့် (သို့မဟုတ် CCN မှ သက်မှတ်ထားသည့် အခြားနည်းလမ်းအတိုင်းကဲ့သို့) မိုဘိုင်းအပီလီကေးရှင်းတစ်ခုအား ဆိုလိုသည်။
CTZPay Service ဆိုသည်မှာ CTZPay Applications အားအသုံးပြုခြင်းမှ ရရှိနိုင်သည့် CCN မှ ကမ်းလှမ်းထားသော (Wallet Services အပါအ၀င်) ငွေကြေးဆိုင်ရာ၀န်ဆောင်မှုများနှင့် အေးဂျင့်ဘဏ်များအားလုံးကိုဆိုလိုသည်။
E-money ဆိုသည်မှာ” တခြားသော အခွင့်ရ အီ-ပိုက်ဆံထုတ်ေ၀သူ သို့များ သောအားဖြင့် ငွေပေးချေခြင်းများပြုလုပ်ရန်အတွက် အသုံးပြုနိုင်သည် ငွေကြေးဆိုင်ရာတန်ဖိုးအား သိုလှောင်သည့် နည်းပညာဆိုင်ရာစက် “အီလက်ထရောနစ်ပိုက်ဆံ” ကိုဆိုလိုသည်။
အခကြေးငွေ ဆိုသည်မှာ CCNမှ ထုတ်ဝေထားသည့်အတိုင်း wallet service အားအသုံးပြုသည့်အတွက် ကျသင့်သည့် အခကြေးငွေများကိုဆိုလိုသည်။
Level 1 Account ဆိုသည်မှာ CCNမှ အသုံးပြုသူအတည်ပြုသည်လုပ်ငန်းစဥ်အားလုပ်ဆောင်ရန်မလိုအပ်သော အသုံးပြုသူအကောင့်အမျိုးအစားတစ်ခုကိုဆိုလိုသည်။
Level 2 Account ဆိုသည်မှာ CCNမှ အသုံးပြုသူအတည်ပြုသည့်လုပ်ငန်းစဥ်အားလိုအပ်သည့် အသုံးပြုသူအကောင့်အမျိုးအစားတစ်ခုကိုဆိုလိုသည်။
MCB ဆိုသည်မှာ မြန်မာနိုင်ငံသားများဘဏ်ကို ဆိုလိုသည်။
SIM ဆိုသည်မှာ မိုဘိုင်းကွန်ယက်ပေါ်တွင် အသုံးပြုသူတစ်ဦးကိုခွဲခြားရန် အသုံးပြုသည့် မိုက်ခရိုချစ်ပ်ကိရိယာငယ်ဖြစ်သော Subscriber Identity Module ကို ဆိုလိုသည်။
User ဆိုသည်မှာ Wallet Account ကို လုပ်ငန်းနှင့် စီးပွားရေးအတွက် မဟုတ်သော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားရှိသည့် သို့မဟုတ် CTZPay Application နှင့်/သို့မဟုတ် ဆက်စပ်မိုဘိုင်းနည်းပညာမှတစ်ဆင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်း၊ ကုန်ပစ္စည်း နှင့်/သို့မဟုတ် ဝန်ဆောင်မှုရယူခြင်းအပါအဝင်) Wallet Services နှင့်/သို့မဟုတ် အခြား CTZPay Services များကို အခြားနည်းဖြင့် အသုံးပြုသည့်အသုံးပြုသူကို ဆိုလိုသည်။
Wallet Account ဆိုသည်မှာ wallet service နှင့်သတ်ဆိုင်သည့် ဆောင်ရွက်မည့်စီးဆင်းမှုအား ရည်ရွယ်ရန်အတွက် CCNမှ ထောက်ပံ့ပေးထားသော သိုလှောင်မှုတန်ဖိုးတစ်ခုကိုဆိုလိုသည်။
အသုံးပြုသူသတ်မှတ်ချက်
အသုံးပြုသူသည် အနည်းဆုံး အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီးနှင့် ယာဥ်မောင်းလိုင်စင် သို့မဟုတ် နိုင်ငံကူးလက်မှတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်သက်သေခံကဒ်ပြား နှင့် တရား၀င်မိုဘိုင်းဖုန်းနံပါတ်တစ်ခုရှိရမည်ဖြစ်သည်။
အသုံးပြုသူက လိုက်နာရမည့် စည်းကမ်းချက်များ
၁။ Account နှင့် လုပ်ဆောင်မှုအမျိုးအစားများ
၁.၁။ CCN သည် အသုံးပြုသူများအတွက် အောက်ပါ User Account အမျိုးအစား နှစ်မျိုးကို သတ်မှဝတ်ထားပါသည်။
(က) CTZPay User (Level 1) Account – အသုံးပြုသူအနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းကို အသုံးပြု၍ level 1 account မှတစ်ဆင့် CTZPay ကို အသုံးပြုနိုင်ရန် ကိုယ်တိုင် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
(ခ) Super Citizens (Level 2) Account – အသုံးပြုသူအနေဖြင့် CCN ၏ KYC သတ်မှတ်ချက်များကို ဖြည့်၍ level 2 account သို့ ၄င်းကိုယ်တိုင်အဆင့်မြှင့်နိုင်မည်ဖြစ်သည်။
၁.၂။ အသုံးပြုသူများသည် CTZPay မှတစ်ဆင့် အောက်ပါဆောင်ရွက်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
CCN သည် အသုံးပြုသူက အသုံးပြုနေသော ဝန်ဆောင်မှုများကို အခါအားလျော်စွာ ဖြည့်စွက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်နိုင်သည်။
၂။ အသုံးပြုသူအတွက် CCN ဆောင်ရွက်ပေးရမည့် ဝတ္တရားများ
၂.၁။ CCN နှင့် MCB တို့၏ ထိန်းချုပ်မှုအောက်တွင်မရှိသော နည်းပညာအခက်အခဲကြောင့် ပြတ်တောက်ခြင်းမှ လွဲ၍ CCN သည် မ အသုံးပြုသူ CTZPay Service များကို အသုံးပြုခွင့်ရနိုင်စေရန် အစဥ်အမြဲအလေးထားဆောင်ရွက်ပါမည်။
၂.၂။ ‘ငွေကြေးခဝါချခြင်း’ ကို တားဆီးရန် ရေးဆွဲထားသော ဥပဒေများနှင့် နည်းဥပဒေများ၊ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ခြင်းတိုက်ဖျက်ရေး သို့မဟုတ် မြန်မာနိုင်ငံသားများဘဏ် နှင့် အခြားသော အထိန်းအကွပ်အဖွဲ့အစည်းတို့၏ စည်းကမ်းဥပဒေများအရ ပိတ်ပင်ထားသော ငွေစာရင်းများသို့ ငွေလွှဲခြင်းအပါအဝင် အသုံးပြုသူက သက်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းရှိမရှိအား စစ်ဆေးရန် ကျိုးကြောင်းဆီလျော်စွာ လိုအပ်သည့် သတင်းအချက်အလက်များကို CCN အနေဖြင့် ရယူ သို့မဟုတ် တောင်းခံခွင့်ရှိစေရပါမည်။
၂.၃။ CCN သည် မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူများအား အသုံးပြုခွင့်ပေးထားသည့် CTZPay Service များကို ဖြည့်စွက်ခွင့်၊ ပြောင်းလဲခွင့် သို့မဟုတ်ရွှေ့ပြောင်းခွင့် ရှိစေရမည်။
၂.၄။ CCN သည် User Fee ၊ အခြားအဖိုးအခများနှင့် CTZPay Application နှင့် ဆက်နွှယ်သည့် လုပ်ဆောင်မှုကန့်သတ်ချက်များကို ပြောင်းလဲခြင်းနှင့် သို့မဟုတ် အသုံးပြုမည်ဖြစ်ပြီး User Fee နှင့် အခြားအဖိုးအခများကို မည်သည့်အချိန်တွင်မဆို သတ်မှတ်သည့်အတိုင်း ကောက်ခံမည်ဖြစ်သည်။
၂.၅။ အသုံးပြသူအသီးသီးတို့သည် CCN က သို့မဟုတ် မြန်မာနိုင်ငံသားများဘဏ် ၏ စည်းမျဥ်းစည်းကမ်းများအရ အခြားနည်းဖြင့် ပြဌာန်းထားသော နေ့စဥ် သို့မဟုတ် လစဥ် စုပေါင်းလုပ်ဆောင်မှုကန့်သတ်ချက်ထက် မကျော်လွန်စေရ။ CCN သည် လုပ်ဆောင်မှုကန့်သတ်ချက်ကို ကျော်လွန်သော မည်သည့်လုပ်ဆောင်မှုအမျိုးအစားအတွက်မဆို account ကို ပိတ်သိမ်းခြင်း ပြုလုပ်မည်ဖြစ်သည်။
၂.၆။ CCN သည် မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် CTZPay Service ဆောင်ရွက်ခြင်း သို့မဟုတ် အသုံးပြုသူမှ တောင်းဆိုသည့် သီးခြားလုပ်ဆောင်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် အဆိုပါအသုံးပြုသူအား မည်သည့် MF Service ကိုမဆို ဆောင်ရွက်ပေးရန် ရပ်ဆိုင်းခြင်းတို့ကို ငြင်းပယ်နိုင်ခွင့်ရှိစေရမည်။
၃။ အသုံးပြုသူ၏ တာဝန်များ
၃.၁။ အသုံးပြုသူအသီးသီးတို့သည် သက်သေခံအထောက်အထားစာရွက်စာတမ်းများနှင့်အတူ အသုံးပြုသူမှတ်ပုံတင်ဖောင်ပုံစံတွင် ပါဝင်သော မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များသည် မှန်ကန်တိကျ၍ စစ်မှန်ကြောင်းကို ကိုယ်စားပြုအာမခံပါသည်။
၃.၂။ အကယ်၍ အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ပြောင်းလဲပါက သို့မဟုတ် KYC သတ်မှတ်ချက်များ သို့မဟုတ် အခြားသော ဥပဒေအရ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် CCN မှ တောင်းဆိုခြင်းဖြစ်ပါက အသုံးပြုသူအသီးသီးတို့သည် CCN အား အချိန်နှင့်တပြေးညီအချက်အလက်များ သို့မဟုတ် ထပ်တိုး ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို ပံ့ပိုးပေးရမည်။
၃.၃။ CCN အသုံးပြုသူများကို ၎င်းတို့၏ မိုဘိုင်းနံပါတ်နှင့် လုပ်ဆောင်မှု PIN တို့ဖြင့် ခွဲခြားပါသည်။ မိုဘိုင်းနံပါတ်ဖြင့် လုပ်ဆောင်သော လုပ်ဆောင်မှုမှန်သမျှကို သက်ဆိုင်ရာအသုံးပြုသူအတွက် လုပ်ဆောင်ပေးပါလိမ့်မည်။ အသုံးပြုသူကိုယ်တိုင် လုပ်ဆောင်သည့် လုပ်ဆောင်မှုသည် ပြီးမြောက်သွားသည်နှင့်တစ်ပြိုင်နက် CCN သည် အဆိုပါလုပ်ဆောင်လုပ်မှုကို ပြန်ပြောင်းလုပ်ဆောင်ပေး၍ မရတော့ပါ။
၃.၄။ အသုံးပြသူအသီးသီးတို့သည် ကိုယ်စားပြုခြင်းနှင့်စပ်လျဥ်း၍အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိ၏ လုပ်ဆောင်မှု PIN ကို ပေးခြင်း သို့မဟုတ် အသိပေးခြင်း မပြုလုပ်ရန် သဘောတူပါသည်။ CCN သည် အသုံးပြုသူအား မည်သည့်အခါမျှ အသုံးပြုသူ၏ လုပ်ဆောင်မှု PIN ကို မေးလိမ့်မည်မဟုတ်ကြောင်းနှင့် CCN ၏ ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များသည် အသုံးပြုသူ၏ လုပ်ဆောင်မှု PIN ကို သိရှိရန် မလိုအပ်ကြောင်းကို သိရှိနားလည်ပါသည်။
၃.၅။ အသုံးပြသူအသီးသီးတို့သည် CCN ၏ ကြိုတင်ခွင့်ပြုချက်ကို အတိအလင်း မရရှိဘဲ မိမိ၏ Wallet Account နှင့် သက်ဆိုင်သည့် အခွင့်အရေးနှင့် တာဝန်များကို လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုရပါ။
၃.၆။ CTZPay Service များ ဆိုင်းငံ့နိုင်ရန်နှင့် ခွင့်ပြုချက်မရှိသော လုပ်ဆောင်
မှုများကို တားဆီးနိုင်ရန် အသုံးပြုသူ၏ WalletAccount ကို CCN မှ ပိတ်ပင်နိုင်ရန် အသုံးပြုသူအသီးသီးတို့သည် မိမိတို့၏ မိုဘိုင်းဖုန်း သို့မဟုတ်
SIM များခိုးယူခြင်းခံရပါက သို့မဟုတ် ပျောက်ဆုံးပါက CCN အား ချက်ချင်း အသိပေးအကြောင်းကြားရမည်။
၃.၇။ အကယ်၍ အသုံးပြသူအနေဖြင့် ၎င်း၏ WalletAccount အား ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည်ဟု သံသယရှိခြင်းအပါအဝင် ငွေကြေးလိမ်လည်
ခံရကြောင်းထင်မြင်ယူဆပါက CTZPay Application call centre အား ချက်ချင်း ဆက်သွယ်၍ အဆိုပါအဖြစ်အပျက်ကို အသိပေးရမည်။
၃.၈။ အသုံးပြုသူအသီးသီးတို့သည် ငွေလိမ်လည်မှုများနှင့် ငွေကြေးခဝါချခြင်း ဆန့်ကျင်ရေး နှင့်/သို့မဟုတ် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ခြင်းတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေများ လိုက်နာခြင်းတို့ကို စီမံခန့်ခွဲရာတွင် CCN မှ လိုအပ်မည့် သတင်းအချက်အလက်များကို ပံ့ပိုးခြင်း/အသိပေးခြင်းတို့ကို ပြုလုပ်ရန်နှင့် သက်ဆိုင်ရာဥပဒေအရ လိုအပ်သည့်အခါ CCN မှ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအား အသုံးပြုသူနှင့် သက်ဆိုင်သည့် အချက်အလက်များကို အသိပေးမည်ဖြစ်ကြောင်းကို သိရှိသဘောတူပါသည်။
၃.၉။ အသုံးပြုသူအသီးသီးတို့သည် CCN သို့မဟုတ် ၎င်းကိုယ်စား မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို ရယူစုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ဖော်ထုတ်အသိပေးခြင်းနှင့် ထိန်းသိမ်းထားခြင်းတို့ကို သဘောတူခွင့်ပြုပါသည်။
၃.၁၀။ သက်ဆိုင်ရာတတိယအဖွဲ့အစည်း၀န်ဆောင်မှုပေးသူ၏ စည်းကမ်းချက် များနှင့် အခြေအနေများအရ တတိယအဖွဲ့အစည်းမှ ထောက်ပံ့ပေးထားပြီး CTZPay Service အသုံးပြု၍ ၀ယ်ယူထားသည့် ကုန်စည်များ နှင့်/သို့မဟုတ် ၀န်ဆောင်မှုများအား ရောင်းချခြင်းဖြစ်သည်။ သံသယ ကင်းစေရန်အလို့ဌာ စည်းကမ်းချက်များနှင့် အခြေအနေများနှင့်/ သို့မဟုတ် တတိယအဖွဲ့အစည်းနှင့် အသုံးပြုသူ အခြားစာချုပ်စာတမ်း ဆိုင်ရာမည်သည့်ဆက်သွယ်မှုမဆိုအတွက် မည်သည့်အခြေအနေများ တွင်မဆို CCN သို့မဟုတ် ၄င်း၏ကိုယ်စားလှယ်များသည် မည်ကဲ့သို့သော တာ၀န်များအား လက်ကိုင်ထားမည်မဟုတ်ပါ။
၄။ မပြီးမြောက်သော လုပ်ဆောင်မှုများ
၄.၁။ CCN သည် ဤစည်းကမ်းချက်များနှင့် ကိုက်ညီသော လုပ်ဆောင်မှုဟူသမျှကို ဆောင်ရွက်မှုစတင်ရန် အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်ပါမည်။ သို့သော် CCN သည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အသုံးပြုသူ ဆောင်ရွက်သော လုပ်ဆောင်မှု မပြီးမြောက်ခြင်းအတွက် တာဝန်ယူမည်မဟုတ်ပါ။
ငွေပမာဏ မရှိခြင်း
၅။ အသုံးပြုသူက ရပ်စဲခြင်း
၅.၁။ အသုံးပြုသူသည် ရက်(၉၀)ဆက်တိုက် အသုံးပြုမှုပြတ်တောက်၍ သုံးစွဲ ဆောင်ရွက်မှုမရှိပါက အသုံးပြုသူအကောင့်သည်အလို အလျောက်ရပ်စဲ သွား မည်ဖြစ်သည်။ ထိုကဲ့သို့သောြဖစ်ရပ်တွင် CCN မှ သင့်လျော်သင်ဟု သတ်မှတ် ထားသည့်တစ်ခြားသော မည်သည့်နည်းလမ်းတစ်ခုခုမဆို သို့မဟုတ် စာတိုပေးပို့ သည့်နည်းလမ်းအားဖြင့် လုံလောက်သည့် အကြောင်းကြားမှုနှင့်အတူ အသုံးပြုသူအား အကြောင်းကြား ပေးပို့ လိမ့်မည်။ အကယ်၍ သင့်လျော်သည့် အချိန် ကာလသတ်မှတ်ချက် တစ်ခုအတောအတွင်းတွင် အသုံးပြုသူထံမှ အကြောင်းပြန် မှုအား CCN သည်မရရှိပါက CCN သည့် ၄င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသုံးပြု၏ အကောင့်အား အလိုအလျောက် ဖျက်သိမ်းသွားမည်ဖြစ်သည်။
၅.၂။CCN သည် ဤစည်းကမ်းချက်များ ဆောင်ရွက်ရာမှ သို့မဟုတ် ၎င်းတို့နှင့်စပ်လျဥ်း၍ ပေါ်ပေါက်သည့် အမြတ်အစွန်းဆုံးရှုံးမှု၊ ဒေတာပျောက်ပျက်မှု၊ ကုန်ကျစရိတ်၊ လုပ်ငန်းအနှောက်အယှက်ဖြစ်မှု သို့မဟုတ် အခြားသော အထူး တိုက်ဆိုင်စွာ သွယ်ဝိုက်၍ မည်သည့်ပုံစံဖြင့်မဆို ဖြစ်ပေါ်သော ပျက်စီးမှုများအတွက် ပေးလျော်ရန် တာဝန်မရှိစေရပါ။ CCN သည် ဤဆက်သွယ်ပေးထားသည့်အတောအတွင်း CTZPay Application နှင့် wallet services၊ CTZPay Services တို့အား အသုံးပြုခြင်းမှရရှိလာသည့် မည်သည့်အကျိုးရလဒ်နှင့် သက်ဆိုင်သည် နှင့်/သို့မဟုတ် လုံခြုံရေး ပြသာနာများကိုမဆို နှင့် ထိုကဲ့သို့သောလုံခြုံရေး ပြသာနာများအပါအ၀င် စက်ပစ္စည်းများရှိ အပလီကေးရှင်းများအား ခြယ်လှယ်ခြင်း၊ အခွင့်အာဏာ တိုကင်များ အပေးအယူပြုလုပ်ရန် စွမ်းဆောင်ခြင်း၊ အထောက်အထားများ နှင့် ထိတွေ့ခြင်းများနှင့် တစ်ခြားသော ၀င်ရောက်ကျူးကျော်ခြင်းများ အပါအ၀င် တာ၀န်ယူမည်မဟုတ်ပါ။
၅.၃။ CCN သည် အသုံးပြုသူက အသုံးပြုနေသော CTZPay Service နှင့် အခြားသော MF Service များကို မည်သည့်အချိန်တွင်
မဆို အကြောင်းပြချက် ပေး၍ဖြစ်စေ၊ မပေးဘဲဖြစ်စေ ဤစည်းကမ်းချက်များအရ ဆောင်ရွက်ရမည့် တာဝန်များကို ထိခိုက်ခြင်း မရှိစေဘဲ ဆိုင်းငံ့နိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။ CCN သည် သက်ဆိုင်ရာ အသုံးပြုသူက ဤစည်းကမ်းချက်များ သို့မဟုတ် CCN နှင့် ပြုလုပ်ထားသော အခြားသဘောတူညီချက်များကို ချိုးဖောက်ပါက သို့မဟုတ် Wallet Account သို့မဟုတ် User Account သို့မဟုတ် CTZPay Service ကို
ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် တရားမဝင်အသုံးပြုခဲ့သည် သို့မဟုတ်
အသုံးပြုလိမ့်မည် သို့မဟုတ် Wallet Account သို့မဟုတ် User Account တွင်ရှိသော ၍ ငွေကို တောင်းခံရာတွင် ဝိရောဓိဖြစ်နေသည်ဟုကျိုးကြောင်းသင့်စွာယူဆပါက ၄င်း၏လုပ်ပိုင်ခွင့်အားကျင့်သုံးလျက် ချက်ချင်း အရေးယူနိုင်သည်။
၅.၄။ CCN သည် အသုံးပြုသူနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ ၎င်း၏ CTZPay Service အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် သတင်း
အချက်အလက်များကို လုံခြုံစွာ လျှို့ဝှက်ထိန်းသိမ်းရန် လုံ့လပြုပါသည်။ CCN သည် မိမိ၏ လက်ဝယ် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသော ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို အမြဲတစေ လုံခြုံမှုရှိစေရန် ထိုက်သင့်သော ကြိုးပမ်းအားထုတ်မှု ပြုပါသည်။ CCN ၏ ထိန်းချုပ်မှုပြင်ပမှ အကြောင်းရင်းများကြောင့် ပေါ်ပေါက်သော လုံခြုံရေးကျိုးပေါက်မှုများ အပါအ၀င်ကန့်သတ်မှုမရှိစေဘဲ အများပြည်သူသို့ ရရှိနိုင် သောသတင်းအချက်အလက်များအတွက် CCN တွင် တာဝန်မရှိစေရပါ။
၅.၅။ အကယ်၍ တစ်ခြားသောဖြစ်ရပ်များ နှင့် လိမ်လည်မှုအကြောင်းပြချက်ဖြင့် စာချုပ်ရပ်စဲပါက CCN သည် ဖော်ပြထားသော ၀န်ဆောင်မှုနှင့် စည်းကမ်းချက်များ ရပ်စဲခြင်းအပြင် သတ်ဆိုင်ရာ စည်းမျဥ်းများနှင့် ဥပဒေများအရ ရရှိနိုင်သည့် တစ်ခြားသော ကုစားမှုများနှင့် အခွင့်အရေး များအား ကျင့်သုံးရန်အခွင့်အရေးအား ကန့်သတ်လိမ့် မည်ဖြစ်သည်။
၅.၆။ အသုံးပြုသူသည် အသုံးပြုသူ၏ Wallet Account ပိတ်သိမ်းရန် CCN မှညွှန်ကြားချက်နှင့် ဆက်သွယ်ခြင်အားဖြင့် အချိန်အားလျော်စွာ CTZPay Serviceကို ရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ထားနိုင်သည်။
၆။အသုံးပြုသူ၏ သဘောတူသိရှိလက်ခံမှု
အသုံးပြုသူသည် အောက်ပါအတိုင်းသဘောတူသိရှိလက်ခံသည်။
၆.၁။ အသုံးပြုသူသည် မိုဘိုင်းအော်ပရေတာမှ မည်သည့်တတိယအဖွဲ့အစည်းသို့ SIM အား ခွဲေ၀သတ်မှတ်ထားသည့်/ ပိတ်သိမ်းထားသည်မတိုင်ခင် Wallet Ac count မှ ငွေများအား ထုတ်ယူရမည်။ သို့မဟုတ်ပါက တူညီသည့် SIMအားအသုံးပြုသည့် တတိယအဖွဲ့အစည်းသို့ အသုံးပြုသူ၏ငွေများသည် အလိုအလျောက် လွှဲပြောင်းပေးခံရမည်ဖြစ်ပြီး ထိုကဲ့သို့သောပြောင်းလဲမှု သို့မဟုတ် လွှဲပြောင်းမှုမှ ဖြစ်စေသည့် မည်သည့်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှူများအတွက်မဆို CCN သည် တာ၀န်ရှိစေမည်မဟုတ်ပါ။
၆.၂။ အသုံးပြုသူသည် CTZPay Wallet Account အား အသုံးပြုခြင်းအတွက် နှင့် အသုံးပြုသူထံမှအခွင့်ရရှိသူမဟူတ်သူဖြစ်စေ သို့မဟုတ် အခွင့်ရရှိသူ ဖြစ်စေ တတိယအဖွဲ့အစည်း တစ်ဦးဦးမှ CTZPay Application သုံးစွဲခြင်းကဲ့သို့သောြဖစ်စဥ်များနှင့် စပ်လျဥ်း၍ မည်သည့်အချိန်ခါ၌မဆို တာ၀န်ရှိသည်။
၆.၃။ အသုံးပြုသူသည် မှားယွင်းသော အကောင့်နံပါတ် သို့မဟုတ် မိုဘိုင်းနံပါတ် တစ်ခုခုသို့ မှားယွင်းစွာ လွှဲပြောင်းပေးပို့ပါက CCNသည် ၄င်းလုပ်ငန်းစဥ် များအတွက် ငွေလွှဲပြောင်းခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းများ ဆောင်ရွက်ပေးမည်မဟုတ်ပါ။
၆.၄။ CCN သည် ၎င်း၏ နည်းပညာတစ်စုံတစ်ရာ လိုအပ်ချက် (သို့မဟုတ်) မှားယွင်းမှုများဖြစ်ပေါ်၍ သုံးစွဲသူ၏အကောင့်ထဲသို့ အကြောင်းပြချက်မရှိဘဲ ငွေများလွှဲပြောင်းပေးမိသောဖြစ်စဉ်များတွင် CNN သည် သုံးစွဲသူ၏ ကြိုတင်ခွင့်ပြုချက်ရယူရန်မလိုအပ်ဘဲ ထိုမှားယွင်းလွှဲပြောင်းပေးမိသော ပမာဏကိုအချိန်အရွေး ပြန်လည်ရယူရန် အခွင့်အရေးရှိသည်နှင့် ထိုကဲ့သို့သောမှားယွင်းမှုအား ပြန်လည်ကုစားရန် လိုအပ်သောအဆင့်များအား ဆောင်ရွက်မည်ဖြစ်သည်။ ထိုကဲ့သို့သော မည်သည့်မှားယွင်းမှုများမဆိုဖြစ်ပေါ် လာပါက အသုံးပြုသူသည် CCN အားချက်ချင်းအကြောင်းကြား၍ အသိပေးရမည်ကိုသဘောတူပြီး ထိုမှားယွင်းခြင်းအား ကုစားရန် CCN ကိုကူညီရမည်။ သုံးစွဲသူသည် မှားယွင်းလွှဲပြောင်းပေး၍လက်ခံရရှိလာသော ငွေပမာဏ၏ အပြည့်အဝကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လက်ခံရယူခွင့်နှင့် သို့မဟုတ်အသုံးပြုခွင့်မရှိပါ။
၆.၅။ CCN သည် ထိုကဲ့သို့သော စာတိုရောက်ရှိမှု သို့မဟုတ် တိကျသည့် အာမံခြင်းမျိုးမပါ၀င်ဘဲ အသုံးပြုသူနှင့် အချိန်ခါအားလျော်စွာ စာတိုပေးပို့ ခြင်းဆောင်ရွက်မှူအားဖြင့် ဆက်သွယ်မည်ဖြစ်သည်။ အသုံးပြု သူမှ ထိုကဲ့သို့သောစာတိုလက်ခံရရှိရန် မည်သည့် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း အပါအ၀င်ကန့်သတ်မှုမရှိစေဘဲ သုံးစွဲသူ၏မို ဘိုင်းဖုန်း သည်စက်ပိတ်ထားခြင်း သို့မဟုတ် ရပ်ဆိုင်းခံရခြင်း ကဲ့သို့သော အကြောင်း ပြချက်မဆို အသုံးပြုသူ ထံမှ ပေါ်ပေါက်ဖြစ်စေ သည်ဆိုပါက ထို့ကဲ့သို့သော ပျက်စီးမှု သို့မဟုတ် တောင်းဆိုမှု၊ ကုန်ကျစရိတ်၊ ဆုံးရှုံးမှု များအတွက်မဆို CCN သည် တာ၀န် မရှိစေရပါ။
၆.၆။ CTZPay Application အသုံးပြုသည့် ၀ယ်ယူထားသည့် ကုန်စည်များနှင့်/ သို့မဟုတ် ၀န်ဆောင်မှုများနှင့်ပတ်သက်၍ အသုံးပြုသူနှင့် ကုန်သည်များ အကြားတွင် ပေါ်ပေါက်လာသည့် မည်သည့် တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှုမဆိုအတွက် CCN သည်တာ၀န်မရှိစေရပါ။ ထို့အပြင် ကုန်သည်များအားလုံး၏ ဈေးလျှော့ပေးခြင်းများ သို့မဟုတ် ပရိုဂရမ်များ၊ မည်သည့်အကျိုးကျေးဇူးများ အတွက်မဆိုလည်း တာ၀န်ရှိ စေမည် မဟုတ်ပါ။ ကုန်သည်များမှ ပေးပို့ထားသည့် ကုန်စည်များနှင့် ၀န်ဆောင်မှု များ၏ ပေးပို့ခြင်းအတွက်လည်း CCN သည် တာ၀န်မရှိစေရပါ။ ကုန်သည်များမှ ပေးပို့ထားသည့် ကုန်စည်များနှင့်/ သို့မဟုတ် ၀န်ဆောင်မှု များနှင့် ပတ်သက်ပြီး မည်သည့်တိုင်တန်းမှုများ၊ တောင်းဆိုမှုများ၊ အငြင်းပွားမှုများ သို့မဟုတ် ငွေပြန်အမ်းခြင်းများမဆို အသုံးပြုသူနှင့် သက်ဆိုင်ရာကုန်သည်အကြားတွင်သာ ဖြေရှင်းဆောင်ရွက်ရမည်သာ ဖြစ်သည်။ CCNသည် ကုန်သည်ငွေပေးချေခြင်းနှင့်ပတ်သက်၍ ကုန်သည်များမှ ပြုလုပ်သော သို့မဟုတ် ငွေပြန်အမ်းခြင်းများမဆိုအတွက် တာ၀န်မရှိစေရပါ။
၇။ စည်းမျဥ်းစည်းကမ်းများကို ဖြည့်စွက်ခြင်းနှင့် ဝန်ဆောင်မှုများ ပြောင်းလဲခြင်း
၇.၁။ CCN သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များကို မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင် သို့မဟုတ် ဖြည့်စွက်နိုင်သည်။ အဆိုပါပြင်ဆင်ချက် သို့မဟုတ် ဖြည့်စွက်ချက်များကို –
၇.၂။ CCN နှင့်/သို့မဟုတ် မြန်မာနိုင်ငံသားများဘဏ်သည် မည်သည့် အသုံးပြုသူအား အကြောင်းမကြားဘဲ၊ မည်သည့် အသုံးပြုသူ သို့မဟုတ် တတိယအဖွဲ့အစည်းတို့အား ပေးရန်တာဝန်မရှိစေရဘဲ မည်သည့်အချိန်တွင်မဆို CTZPay Services သို့မဟုတ် Wallet Services တို့ အပါ အဝင် CTZPay Application နှင့်/သို့မဟုတ် MF Service ကို မဆို ဆိုင်းငံ့ခြင်း၊ ဖြည့်စွက်ခြင်း နှင့်/သို့မဟုတ် ရပ်စဲခြင်းပြုလုပ်နိုင်သည်။
၈။ အထွေထွေပြဋ္ဌာန်းချက်များ
၈.၁။ (အခါအားလျော်စွာ ပြင်ဆင်သည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ အပါအဝင်) ဤစည်းမျဥ်းစည်းကမ်းတွင် ဤစည်းမျဥ်းစည်းကမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ CCN နှင့် အသုံးပြုသူအကြားမှ သဘောတူညီချက်အလုံးစုံ ပါဝင်သည်။
၈.၂။ သဘာဝဘေးအန္တရာယ်များ၊ စစ်မက်ဖြစ်ပွားခြင်း၊ ကပ်ရောဂါကျရောက်ခြင်း၊ သပိတ်မှောက်ခြင်း သို့မဟုတ် လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်ပွားခြင်း၊ ကုန်သွယ်မှုပိတ်ဆို့ခြင်း၊ အစိုးရက အမိန့်ထုတ်ပြန်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသက်မုန်တိုင်းကျရောက်ခြင်း၊ မုန်တိုင်းကျရောက်ခြင်း သို့မဟုတ် ပြင်းထန်သော ရာသီဥတု ကျရောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ သူပုန်ထခြင်း၊ ပြည်တွင်းမငြိမ်မသက်မှုဖြစ်ခြင်း၊ ကုန်သွယ်မှုပိတ်ဆို့ခြင်းနှင့် ဘွိုင်ကော့ပြုလုပ်ခြင်း၊ မီးပျက်ခြင်း၊ ပစ္စည်းကိရိယာချို့ယွင်းခြင်း သို့မဟုတ် အိိိခြားသော မလွန်ဆန်နိုင်သောဖြစ်ရပ်များအပါအဝင် စာချုပ်ဝင်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော မည်သည့်အကြောင်းရင်းကိုမဆို ဤသဘောတူစာချုပ်အရ စာချုပ်ဝင်တစ်ဦးဦးက မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ပျက်ကွက် သို့မဟုတ် နှောင့်နှေးပါက အဆိုပါပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကြောင့် မည်သည့်ပေးရန် တာဝန်မှ မဖြစ်ပေါ်စေရ။
၈.၃။ သက်ဆိုင်ရာဥပဒေက အပြည့်အဝ ခွင့်ပြုသည့်အတိုင်း CCN နှင့် မြန်မာနိုင်ငံသားများဘဏ် အသီးသီးတို့သည် ညွှန်းဆိုသော ရည်ရွယ်ချက်တစ်ခုခုဖြင့် ရောင်းစွံကြောင်း သို့မဟုတ် သင့်တော်ကြောင်း အာမခံခြင်းအပါအဝင် MF Service နှင့် စပ်လျဥ်း၍ အတိအလင်းဖြစ်စေ၊ ညွှန်းဆို၍ဖြစ်စေ၊ ဥပဒေအရဖြစ်စေ၊ အခြားနည်းဖြစ်စေ မည်သည့်ကိုယ်စားပြုအာမခံခြင်းကို ရှောင်ရှားပြီးလျှင် မြန်မာနိုင်ငံသားများဘဏ်သည် အဆိုပါတို့အနက် မည်သည့်ကိုယ်စားပြုမှု၊ အာမခံမှုနှင့် စည်းကမ်းချက်နှင့်မှ မသက်ဆိုင်ကြောင်းကို ထုတ်ဖော်အသိပေးပါသည်။
၈.၄။ CCN နှင့် မြန်မာနိုင်ငံသားများဘဏ်တို့သည် MF Service ကို အသုံးပြု၍ ဖြစ်ပွားသော ခွင့်ပြုလုပ်ဆောင်မှုများအတွက် မည်သည့်တာဝန်မှ မရှိစေရဘဲ နှင့် အသုံးပြုသူအသီးသီးတို့သည် အပြည့်အဝ ပေးလျော်၍ CCN နှင့် မြန်မာနိုင်ငံသားများဘဏ်တို့အား အရေးယူမှု၊ တရားစွဲဆိုမှု သို့မဟုတ် ခွင့်ပြုလုပ်ဆောင်မှုကြောင့် ပေါ်ပေါက်သော ဆုံးရှုံးမှု၊ ကုန်ကျစရိတ်နှင့် လျော်ကြေးတို့မှ ကင်းလွတ်ခွင့် ပြုကြပါသည်။
၈.၅။ ဤစည်းမျဥ်းစည်းကမ်းကို စာချုပ်ဝင်များအကြား အစုစပ်လုပ်ကိုင်ခြင်း၊ ကိုယ်စားလှယ်ခန့်အပ်ခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်ခန့်ထားခြင်းနှင့် သက်ဆိုင်သည်ဟု မမှတ်ယူရ။
၈.၆။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊ လူမွဲခံယူခြင်းအား စီမံခန့်ခွဲသူ၊ ပစ္စည်းထိန်းသိမ်းသူ သို့မဟုတ် စီမံခန့်ခွဲသူအပါအဝင် စာချုပ်ဝင်အသီးသီးတို့၏ ဆက်ခံသူများ၊ လွှဲအပ်သူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့် စီမံခန့်ခွဲသူများ အပေါ်တွင်ပါ စည်းနှောင်မှုနှင့် ခံစားခွင့်ရှိစေရမည်။
၈.၇။ စာချုပ်ဝင်အသီးသီးတို့သည် ဤစည်းမျဥ်းစဉ်းကမ်းနှင့် ၎င်းအရ ဆောင်ရွက်မည့် လုပ်ငန်းများ ထိရောက်မှုရှိစေရေးအတွက် (စာချုပ်ချုပ်ဆိုခြင်းအပါအဝင်) တစ်ဖက်စာချုပ်ဝင်က ကျိုးကြောင်းဆီလျော်စွာ စာဖြင့် ရေးသား၍ တောင်းဆိုသမျှကို ဆောင်ရွက်ပေးရမည်။
၈.၈။ ဤစည်းမျဥ်းစည်းကမ်းတွင် ဖော်ပြထားသော အချိန်၊ ရက်စွဲ သို့မဟုတ် ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်။
၈.၉။ မည်သည့်အချိန်တွင်မဆို ဤစည်းမျဥ်းစည်းကမ်းပါ စည်းကမ်း သို့မဟုတ် ပြဋ္ဌာန်းချက်သည် ပျက်ပြယ်၊ တရားမဝင် သို့မဟုတ် ပြဋ္ဌာန်းမရဖြစ်ပါက ၎င်းကို ပျက်ပြယ်၊ တရားမဝင် သို့မဟုတ် ပြဋ္ဌာန်းမရ မဖြစ်စေနိုင်သည့် အတိုင်းအတာအထိသာ အနည်းဆုံးပြင်ဆင်ရမည်ဖြစ်ပြီး ထို့သို့ပြင်ဆင် သို့မဟုတ် လျှော့ချထားသည့် ပုံစံဖြင့် အကျိုးသက်ရောက်မှုရှိစေရမည်။ ထို့သို့ပြင်ဆင် သို့မဟုတ် လျှော့ချခြင်းကို အထောက်အထားပြုလျှက် ပြဋ္ဌာန်းချက်တိုင်းသည် ခွဲခြားနိုင်သကဲ့သို့ အဓိပ္ပါယ်ကောက်ယူ၍ ခွဲခြားထားပါက ထိုသို့ခွဲခြားခြင်းသည် ဤစည်းမျဥ်းစည်းကမ်း၏ အခြားသော ပြဋ္ဌာန်းချက်များကို မည်သည့်နည်းနှင့်မှ ထိခိုက်စေခြင်း မရှိရပါ။
၈.၁၀။ CCN က အခွင့်အရေး၊ လုပ်ပိုင်ခွင့် သို့မဟုတ် ကုစားခွင့်ကို မကျင့်သုံးခြင်း၊ မကျင့်သုံးသေးခြင်း သို့မဟုတ် ကျင့်သုံးရန် နှောင့်နှေးခြင်းသည် အဆိုပါကျင့်သုံးခွင့်ကို စွန့်လွှတ်ခြင်း သို့မဟုတ် နောင်တွင် အဆိုပါအခွင့်အရေးကို လျှော့ချရန် ကြံရွယ်သည်ဟု မမှတ်ယူရပါ။ CCN က အခြေအနေတစ်ရပ်တွင် အခွင့်အရေး၊ လုပ်ပိုင်ခွင့် သို့မဟုတ် ကုစားခွင့်ကို စွန့်လွှတ်ခြင်းသည် နောင်တွင် အဆိုပါ အခွင့်အရေး၊ လုပ်ပိုင်ခွင့် သို့မဟုတ် ကုစားခွင့်ကို အခြားအခြေအနေတစ်ရပ်တွင် ကျင့်သုံးခြင်းမှ အဟန့်အတား မဖြစ်စေရပါ။
၈.၁၁။ ဤစည်းမျဥ်းစည်းကမ်း၏ တရားဝင်မှု၊ ချုပ်ဆိုမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုတို့အပေါ် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက လွှမ်းမိုးစေရမည်။
၈.၁၂။ ဤစည်းမျဥ်းစည်းကမ်းကို အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားထားပါသည်။ ဤစည်းမျဥ်းစည်းကမ်းကို ရေးသားထားသည့် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာသို့ ပြန်ဆိုထားသော ဘာသာပြန်ဆိုချက်တွင် အဓိပ္ပါယ်ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာက လွှမ်းမိုးမှုရှိစေရမည်။