E-moneyသည် နေ့စဉ်လူနေမှုဘ၀တွင် ငွေပေးချေမှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် လိုက်လျောညီထွေဖြစ်စေရန်သာမက အသစ်အသစ်သော အခွင့်အလမ်းများကိုပါ ရယူနိုင်ရန် ကူညီပေးနေသည်။ အသုံးပြုသူများသည် နေရာတိုင်းသို့ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေမှုများ ပြုလုပ်ခြင်း၊ အွန်လိုင်းတွင်စျေးဝယ်ခြင်း၊ Phone bill နှင့် Internet billများ ပေးဆောင်ခြင်းတို့ကို မိမိအိမ်၌ပင် ပြုလုပ်နိုင်ပါသည်။ Internet လိုင်းများကျခြင်းနှင့် အခြားပြဿနာများဖြစ်ပေါ်ချိန်၌ပင် E-money လွှဲပြောင်းမှုများကို လက်ငင်းလုပ်ဆောင်နိုင်ပါသည်။
Capital Connect သည် မြန်မာနိုင်ငံ၏အသိအမှတ်ပြုခံရမှု အများဆုံးရရှိရုံသာမက ထင်ရှားမှုအရှိဆုံး လုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် CDSG ၏ အဖွဲ့ဝင် ကုမ္ပ ဏီ ဖြစ်သည်။ CDSG သည် (၁၉၆၀)ပြည့်နှစ်များတွင် ကုန်သွယ်ရေးလုပ်ငန်းငယ်တစ်ခုအဖြစ် စတင်ခဲ့ ပါသည်။ ထိုအချိန်မှစ၍ ယနေ့အထိ CDSGသည် ၀န်ထမ်း ၉၀၀၀ ကျော်ရှိသည့် စားသောက်ကုန်နှင့် လက်လီပစ္စည်း ရောင်းချသောလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေး၀န်ဆောင်မှုများကဲ့သို့ ကဏ္ဍမျိုးစုံတွင်လည်ပတ်နေသည့် လုပ်ငန်းစုကြီးတစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့သည်။ CDSG ကို ၂၀၁၄ ခုနှစ်မေလတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်က ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုကုမ္ပဏီအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Capital Connect သည် CDSG မှ တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး“ CTZPay” ဟုခေါ်သည့်“ ဒစ်ဂျစ်တယ်ငွေပေးချေမှုကိုပြုလုပ်နိုင်သောApplicationနှင့်အတူမြန်မာနိုင်ငံ၏ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပါ၀◌င်နိုင်ရန် ရည်ရွယ်ပါသည်။ Capital Connectတွင်ကျွန်ုပ်တို့၏၀န်ထမ်းများကိုပိုမိုတိုးတက်လာရန်လေ့ကျင့်သင်ကြားပေးပြီး အကောင်းဆုံးအောင်မြင်မှုများနှင့်ရလဒ်များရရှိရန် အတူတကွ လုပ်ကိုင်နေကြပါသည်။ ကျွန်ုပ်တို့သည် ထိရောက်မှုအရှိဆုံးနှင့် အသုံးပြုသူကို အလေးထားသော မိုဘိုင်းငွေပေးချေမှုတစ်ခု ဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်နေကြပါသည်။