ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံ‌မှုဆိုင်ရာမူဝါဒ

၁။      မိတ်ဆက်

Citizens (ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏) သည် လူကြီးလူငယ်မရွေး၊ တတ်သိနားလည်ကျွမ်းကျင် သူများနှင့်  သာမန်ပြည်သူတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များအတွက် အကန့်အသတ်မဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး ငွေပေးချေမှုနည်းလမ်းများ အသုံးချနိုင်ရန် အခွင့်အလမ်းများပေးမည်ဖြစ်ပါသည်။ Capital Connect Limited  (“CCN”) သည် ဘဏ်စနစ်အသုံးမပြုနိုင်သေးသည့် မြန်မာပြည်သူပြည်သားများထံသို့ အကန့်အသတ်မဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး ငွေပေးချေမှုနည်းလမ်းများဖြင့် Citizens ကို ယူဆောင်လာပါသည်။ Citizens သည် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်နည်းပညာသုံး ငွေပေးချေမှုနည်းလမ်းများအား တစ်နိုင်ငံလုံး ဖြန့်ကျက်ထားသည့် မိတ်ဖက်အဖွဲ့အစည်းကွန်ယက်များမှတစ်ဆင့် မြန်မာတစ်ပြည်လုံးအနှံ့ ဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်နေ ပါသည်။ (ဤမှနောင်တွင် “ဝန်ဆောင်မှု” ဟု ရည်ညွှန်းသုံးစွဲသွားပါမည်။)

ကျွန်ုပ်တို့အတွက် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာလုံခြုံရေးသည် အရေးပါပါသည်။ CCN မှ ပိုင်ဆိုင်ဆောင်ရွက်နေသည့် https://ctzpay.com ၊ အသုံးချအက်ပ် (App) နှင့် ဒစ်ဂျစ်တယ်လမ်းကြောင်း များမှတစ်ဆင့် ကျွန်ုပ်တို့ ကောက်ခံရယူမည့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ (ကိုယ်ရေးကိုယ်တာ) အချက် အလက်များအား လုံခြုံစိတ်ချစွာ ထိန်းသိမ်းထားရေးသည် Citizens ၏ မူဝါဒဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သုံးစွဲသူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် ဝန်ဆောင်မှုပေးခြင်း၊ ထိုဝန်ဆောင်မှု တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ခြင်းတို့အတွက် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူရခြင်းဖြစ်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံ‌မှုဆိုင်ရာမူဝါဒအရ လူကြီးမင်း၏ အချက်အလက်များ ကောက်ယူခြင်းကို သဘောတူညီသည်ဟု မှတ်ယူ ပါမည်။ ဤမူဝါဒတွင် သီးခြားအဓိပ္ပါယ်ဖွင့်ဆိုထားသည်မှလွဲ၍ ဤမူဝါဒပါ အသုံးအနှုန်းများသည် ကျွန်ုပ်တို့၏ အထွေထွေစည်းမျဉ်းစည်းကမ်းချက်များတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း ထပ်တူညီသော အဓိပ္ပါယ်ရှိစေ ပါမည်။

၂။       ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကောက်ယူမှုနှင့် သုံးစွဲမှု

လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို တောင်းခံရယူခြင်းသည် လူကြီးမင်းအား ကျွန်ုပ် တို့၏ ဝန်ဆောင်မှုများပေးအပ်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။ ထိုအချက်အလက်များကို တရား ဥပဒေနှင့်အညီ မျှတစွာကောက်ခံမည်ဖြစ်ကာ လူကြီးမင်း၏ ကြိုတင်သဘောတူညီချက်ရယူပြီးမှ တောင်းခံ ရယူမည်ဖြစ်ပါသည်။ အချက်အလက်များကောက်ယူသည့် နည်းလမ်းများ၊ ကောက်ယူရသည့် အကြောင်းအရင်း၊ ၎င်းတို့ကို မည်သို့ သုံးစွဲသွားမည် စသည်တို့ကို လူကြီးမင်းထံသို့ ပွင့်လင်းမြင်သာစွာ တင်ပြသွားပါမည်။

ထိုသို့ကောက်ခံရယူထားသော လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သင့်အား ကျွန်ုပ် တို့၏ ဝန်ဆောင်မှုများပေးအပ်ရာတွင် အသုံးပြုရန် လိုအပ်သော အချိန်ကာလအတွက်သာ ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။ ထိုသို့ကောက်ခံရယူထားသော လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ အားလုံးကို လုပ်ငန်းသဘောသဘာဝအရ ဖြစ်နိုင်သမျှ အလုံခြုံဆုံးနည်းလမ်းများဖြင့် ထိန်းသိမ်းထားမည်ဖြစ်ပြီး ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း၊ မသက်ဆိုင်သူများမှ ရယူသိရှိခြင်း၊ ထုတ်ဖော်ပြသခြင်း၊ ကူးယူခြင်း၊ သုံးစွဲခြင်း၊ ပြောင်းလဲခြင်း စသည်တို့မှ ကာကွယ်ထားရှိသွားမည်ဖြစ်ပါသည်။

မည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကိုမဆို အများပြည်သူ သို့မဟုတ် မသက်ဆိုင်သော အခြား တတိယအဖွဲ့အစည်းများထံ မျှဝေပေးသွားမည်မဟုတ်ပါ။ တရားဝင်ထုတ်ပြန်သောအမိန့်၊ ဥပဒေကြောင်းအရ၊ သို့တည်းမဟုတ် စည်းမျဉ်းစည်းကမ်းများအရ တောင်းဆိုလာမှသာ ထိုအချက်အလက်များကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။ သို့သော်ငြား ကျွန်ုပ်တို့အား ပေးအပ်ထားသည့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံရေးကို အလုံးစုံအာမခံ၍မရပါ။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာအရ ချမှတ်ထားသည့် အကာအကွယ်များအား ချိူးဖောက်ကာ ဝင်ရောက်ကြည့်ရှုခြင်း၊ ထုတ်ဖော်ပြသခြင်း၊ ပြောင်းလဲ ခြင်း ၊ဖျက်ဆီးခြင်းမှ အပြည့်အဝအကာအကွယ်ပေးထားမည်ဟု အာမခံချက်မရှိပါ။

၃။      ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေစဉ် လူကြီးမင်းနှင့်ဆက်သွယ်ရန် သို့မဟုတ် လူကြီးမင်းသည် မည်သူမည်ဝါ ဖြစ်သည်ကို မှတ်မိသိရှိနိုင်ရန် လူကြီးမင်းအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် (“ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်”) များကို ပေးအပ်ရန် ကျွန်ုပ်တို့က တောင်းခံနိုင်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များတွင် အောက်ဖော်ပြပါတို့ ပါဝင်နိုင်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါတို့ချည်းသာ ပါဝင်သည်ဟုလည်း ကန့်သတ်ထားခြင်းမရှိပါ။

၁။        အမည်

၂။         ဖုန်းနံပါတ် (ကိုယ်ရေးကိုယ်တာဖုန်းနှင့် ရုံးဖုန်း)

၃။        အီးမေးလ် လိပ်စာ

၄။        နေရပ်လိပ်စာ (မှတ်ပုံတင်လိပ်စာ၊ အိမ်နှင့် ရုံး၏ စာတိုက်လိပ်စာ)

ကျွန်ပ်တို့သည် သတင်းလွှာ (newsletter) များ၊ စျေးကွက်ရှာဖွေရေး သို့မဟုတ် အရောင်းမြှင့်တင်ရေး စာများနှင့် လူကြီးမင်းအကျိုးရှိစေနိုင်သည့် အခြားအချက်အလက်များမှတဆင့် လူကြီးမင်းနှင့်အဆက်အသွယ် ပြုရာတွင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါဆက်သွယ် ချက် တစ်ခုခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ လူကြီးမင်းအနေနှင့် လက်ခံရယူလိုခြင်းမရှိပါက ရယူလိုခြင်းမရှိကြောင်း လင့် (Link) ကို နှိပ်၍ လက်ခံရယူမှုကို ရပ်ပစ်နိုင်ပါသည်။

၄။      အခြားအချက်အလက်များ

ကျွန်ပ်တို့၏ ဝန်ဆောင်မှုများကို သုံးနေစဉ်အတွင်း ကျွန်ပ်တို့သည် လူမှုရေးဆိုင်ရာအချက်အလက်များကို ကောက်ယူစုဆောင်းမည်ဖြစ်သည်။ အဆိုပါအချက်အလက်များတွင် ကျား/မ၊ အသက်အရွယ်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာဒေသ၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်နှင့် ယင်း၏မိတ္တူ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားအမျိုးအစား၊ ပညာရေးဆိုင်ရာအထောက်အထား၊ ပညာအရည်အချင်း၊ ရုံးတည်နေရာနှင့် အခြားသော အချက်အလက်များ ပါဝင်နိုင်ပြီး ထိုအရာများချည်းသာပါဝင်သည်ဟုလည်း ကန့်သတ်မထားပါ။

ဤအခန်း(၄)တွင် ထပ်မံညွှန်းဆိုသော အခြားအချက်အလက်များကိုလည်း ဤ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံ‌မှုဆိုင်ရာမူဝါဒတွင် ပြဆိုထားသည့်အတိုင်း ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။      မိုဘိုင်းကိရိယာများနှင့် တည်နေရာဆိုင်ရာအချက်အလက်များ

လူကြီးမင်းမှ ခွင့်ပြုမည်ဆိုလျှင် ကျွန်ုပ်တို့သည် လူကြီးမင်း၏ မိုဘိုင်းကိရိယာနှင့် တည်နေရာဆိုင်ရာ အချက်အလက် (“အချက်အလက်”) များကို ကောက်ယူစုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းထားရှိခြင်းတို့ ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ အချက်အလက်များအား ကျွန်ုပ်တို့ ဝန်ဆောင်မှု၏ လုပ်ဆောင်ချက်များကို ပံ့ပိုး ပေးရန်အတွက်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည်  သုံးစွဲသူများ၏ လိုအပ်ချက်၊ အကျိုးစီးပွားများနှင့် ကိုက်ညီ နိုင်သမျှ အကိုက်ညီဆုံးဖြစ်စေရန်အလို့ငှာ ဝန်ဆောင်မှုများအား ပိုမိုတိုးတက်ကောင်းမွန်ရန်နှင့်  သုံးစွဲသူ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလဲခြင်းများပြုလုပ်နိုင်ရန် အသုံးပြုမည်ဖြစ်ပါသည်။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေစဉ်အတွင်း မည်သည့်အချိန်တွင်မဆို  မိုဘိုင်းကိရိယာနှင့် တည်နေရာဆိုင်ရာ အချက်အလက်များကို လူကြီးမင်း၏ မိုဘိုင်းကိရိယာရှိ ချိန်ညှိနိုင်သောလုပ်ဆောင်ချက် (Setting) များမှတစ်ဆင့်  ခွင့်ပြုရန် ဖွင့်ထားခြင်း သို့မဟုတ် ပိတ်ထားခြင်းများ ပြုလုပ်နိုင်ပါသည်။

၆။      အချက်အလက်များကို အသုံးပြုခြင်း

Citizens သည် ကောက်ယူစုဆောင်းထားသော အချက်အလက်များကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုမည်ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်များတွင် အောက်ဖော်ပြပါတို့လည်း အပါအဝင်ဖြစ်သည်။ သို့ရာတွင် အောက်ဖော်ပြပါတို့ချည်းသာပါဝင်သည်ဟုလည်း ကန့်သတ်မထားပါ-

(က)     ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပေးနိုင်ရန်နှင့် ထိန်းသိမ်းရန်၊

(ခ)       ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ အပြောင်းအလဲများကို လူကြီးအား အသိပေးရန်၊

(ဂ)       လူကြီးမင်းက ရွေးချယ်သည့်အခါ ကျွန်ပ်တို့ ဝန်ဆောင်မှုရှိ အပြန်အလှန်ဆက်သွယ်နိုင်သော လုပ်ဆောင်ချက်ကို လူကြီးမင်းအား အသုံးပြုခွင့်ပေးရန်၊

(ဃ)      သုံးစွဲသူကို ပံ့ပိုးမှု (customer support) အား အထောက်အပံ့ဖြစ်စေရန်၊

(င)       ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအပေါ် သုံးစွဲခြင်းအား စောင့်ကြည့်ထိန်းသိမ်းရန်၊

(စ)       အထွေထွေစီးပွားရေးလုပ်ဆောင်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာချက်များ ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့၏ စီးပွားဖက်များ၊ အကြံပေးများ၊ ရင်းနှီးမြုပ်နှံသူများနှင့် အခြားတတိယပုဂ္ဂိလ်များကို ထုတ်ဖေါ်ပြောဆိုရန်၊

(ဆ)      ငွေပေးငွေယူကိစ္စရပ်များ၊ ပေးချေမှုလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း များ၊ အီးမေးလ်ပေးပို့ခြင်းများ၊ ဝက်ဆိုက်များ၏ အချက်အလက်များ သိုလှောင်ရန်နှင့် အင်တာနက် ချိတ်ဆက်ရန်ဝန်ဆောင်မှု (hosting service) များ၊ သုံးစွဲသူကို ဝန်ဆောင်မှုပေးခြင်းများနှင့် စျေးကွက် ရှာဖွေခြင်းကို ကူညီပံ့ပိုးခြင်းများကို ကျွန်ုပ်တို့အတွက်ဆောင်ရွက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သည့် ဝန်ဆောင်မှုပေးသည့် တတိယပုဂ္ဂိုလ်များအား ထုတ်ဖေါ်ပြသရန်၊

(ဇ)       နည်းပညာဆိုင်ရာပြဿနာများအား ထောက်လှမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်းများ ပြုလုပ်ရန်၊

(စျ)       ကျသင့်ငွေပေးဆောင်ခြင်းနှင့် ကောက်ယူခြင်းအပါအဝင် လူကြီးမင်းနှင့် ကျွန်ုပ်တို့အကြား ပြုလုပ် ထားသည့် သဘောတူစာချုပ်များမှ ပေါ်ပေါက်လာသော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်နှင့် ရပိုင်ခွင့်များကို စည်းကြပ်ရယူရန်၊

(ည)      လူကြီးမင်း၏ အကောင့် (Account) နှင့်/သို့မဟုတ် လူကြီးမင်းမှ ရယူထားသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်သော အကြောင်းကြားချက်များကို လူကြီးမင်းထံ ပေးပို့နိုင်ရန်၊ ယင်းကိစ္စရပ်တွင် သက်တမ်း လွန်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ အကြောင်းကြားချက်များ၊ အီးမေးလ်နှင့်ပေးပို့သော ညွှန်ကြားချက် များ အစရှိသည့်အရာများပါဝင်သည်။

(ဋ)       လူကြီးမင်း ဝယ်ယူခဲ့သောအရာများနှင့်ဖြစ်စေ၊ လူကြီးမင်း စုံစမ်းခဲ့သောအရာများနှင့်ဖြစ်စေ အလားတူ သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ ပွဲလမ်းအခမ်းအနားများနှင့်ပတ်သက်သော သတင်းများ၊ အထူး ကမ်းလှမ်းချက်များနှင့် အထွေထွေသတင်းအချက်အလက်များကို လူကြီးမင်းထံ ပေးပို့ရန်၊ ထို့သို့ပေးပို့မှုကို လက်မခံလိုကြောင်း လူကြီးမင်းမှ ရွေးချယ်ထားလျှင် ပေးပို့မှုအား ပြုလုပ်မည်မဟုတ်ပါ။

(ဌ)       တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသောကြောင့်သော်လည်းကောင်း၊ ယင်းတို့အရ လိုအပ်သောကြောင့်သော်လည်းကောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အခြားအစိုးရအဖွဲ့ အစည်းများအား ထုတ်ဖေါ်ပြောကြားရန်၊

(ဍ)       လိမ်လည်လှည့်ဖျားမှု ကာကွယ်ရေးနှင့် ဆုံးရှုံးနိုင်မှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုလျှော့ချရေးတို့အတွက် အခွင့်ရတတိယပုဂ္ဂိုလ်များနှင့် သတင်းအချက်အလက်များ အပြန်အလှန်လဲလှယ်မှုပြုရာတွင် အသုံးပြုရန်၊

(ဎ)       လူကြီးမင်းမှ အချက်အလက်များ ပေးပို့စဉ်တွင် ကျွန်ုပ်တို့က ဖော်ပြထားသော အခြားကိစ္စရပ်တစ်ခုခု အတွက် အသုံးပြုရန်၊

(ဏ)     လူကြီးမင်း၏ သဘောတူခွင့်ပြုချက်ဖြင့် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုရန်။

၇။      အခြားဆိုက်များနှင့် ဝန်ဆောင်မှုများသို့ ချိတ်ဆက်မှုများ 

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်၊ အသုံးချအက်ပ် (App)နှင့် ဒစ်ဂျစ်တယ်လမ်းကြောင်းများကို ကျွန်ုပ်တို့ စီမံဆောင်ရွက်မှု မဟုတ်သော အခြားသောပြင်ပဆိုက်များနှင့် ချိတ်ဆက်ကောင်း ချိတ်ဆက်ထားနိုင်ပါသည်။ သုံးစွဲသူအနေဖြင့် သတိပြုရမည်မှာ ကျွန်ုပ်တို့သည် အဆိုပါ ပြင်ပဆိုက်များ၏ အကြောင်းအရာနှင့် (မူဝါဒ) ကျင့်သုံးခြင်းတို့အပေါ် ကျွန်ုပ်တို့သည် ထိန်းချုပ်နိုင်စွမ်းမရှိသည့်အပြင် ၎င်းတို့၏ သက်ဆိုင်ရာ (မူဝါဒ) ကျင့်သုံးခြင်း နှင့်/သို့မဟုတ် မကျင့်သုံးခြင်းများနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် တာဝန်ယူ သို့မဟုတ် တာဝန်ခံမှုတို့ကို လည်း ကျွန်ုပ်တို့ လက်ခံမည် မဟုတ်ပါ။

 

 

၈။      ကလေးများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် အသက် (၁၈) နှစ် အောက် ကလေးများ  (“ ကလေး” သို့မဟုတ် “ ကလေးများ” ) အတွက် အသုံးပြုရန် မရည်ရွယ်ပါ။

ကျွန်ုပ်တို့သည် ကလေးများ၏ မည်သူမည်ဝါဖြစ်ကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် သိလျက်နှင့် ကောက်ယူစုဆောင်းထားမည်မဟုတ်ပါ။ အကယ်၍ လူကြီးမင်းအနေဖြင့် ကလေးမှ ကျွန်ုပ်တို့ထံသို့ ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ပေးထားသည်ဟု သတိပြုမိပါက ကျွန်ုပ်တို့အား ချက်ခြင်းဆက်သွယ်ပေးနိုင်ပါသည်။ အကယ်၍ မိဘ၏ ခွင့်ပြုချက်မရှိဘဲ ကလေး၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာသတင်းအချက်အလက်များကို စုဆောင်းထားမိသည်ဟု ကျွန်ုပ်တို့မှ သတိပြုမိပါက ကျွန်ုပ်တို့၏ ဆာဗာ (server)မှ အဆိုပါ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအားလုံးကို  ချက်ချင်းပယ်ဖျက်နိုင်ရန်အတွက် သင့်တော် သော လုပ်ဆောင်မှုအဆင့်များကို အချိန်မှီပြီးစီးအောင် ကျွန်ုပ်တို့ လုပ်ဆောင်ပါမည်။

၉။      ဤပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံ‌မှုဆိုင်ရာ မူဝါဒပြောင်းလဲမှု

ဤဝက်ဘ်ဆိုက် စာမျက်နှာတွင် ကြိုတင်ကြေညာချက်မပြုဘဲ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်လုံခြုံ‌မှုဆိုင်ရာ မူဝါဒကို အချိန်အားလျော်စွာ ပြောင်းလဲခြင်း၊ ချိန်ညှိခြင်း နှင့်/သို့မဟုတ် ခေတ်နှင့် အညီ မွမ်းမံခြင်းတို့ကို လုပ်ပိုင်ခွင့် အချိန်တိုင်းရှိပါသည်။

ဤအချိန်အားလျော်စွာ ပြောင်းလဲလိုက်သည့် ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံ‌မှုဆိုင်ရာ မူဝါဒကို လူကြီးမင်းအနေဖြင့် သဘောတူလက်ခံရပါမည်။ ကျွန်ုပ်တို့၏ မူဝါဒပြောင်းလဲမှုကို အကောင်အထည်ဖော်သည် မှစ၍ ပြောင်းလဲမှုသည် စတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။

၁၀။    ဆက်သွယ်ရန်

လူကြီးမင်းအနေဖြင့် ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံ‌မှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ၊ စိုးရိမ်မကင်းဖြစ်ရမှု သို့မဟုတ် တိုင်ကြားလိုမှု တစ်စုံတစ်ရာရှိပါက ကျေးဇူးပြု၍ အီးမေးလ်လိပ်စာ care@ctzpay.com  သို့ အီးမေးလ်ပို့၍ဖြစ်စေ သို့မဟုတ် ဖုန်း +959 9699 98888 သို့ ခေါ်ဆို၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံ‌မှုဆိုင်ရာ မူဝါဒသည် ၂၁ ဧပြီလ၊ ၂၀၂၁ မှစ၍ စတင်အကျိုး သက်ရောက်ပါမည်။